တိုက်ကြီးမြို့နယ်၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်

တိုက်ကြီး အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြည်သူများယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ​ပေးခြင်းကို ယနေ့နံနက် ၈ နာရီက အိုးတန်းရပ်ကွက်၊ ရွှေဂျိုးဖြူခန်းမရှေ့တွင် အသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ တိုက်ကြီးတပ်နယ်မှ ဗိုလ်ကြီးထွန်းလင်းကျော်၊ အမှတ်(၆၁)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင် ပြေးဆွဲလျက်ရှိသော မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးယာဥ်မောင်းများအား ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်သည်။

အဆိုပါယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးရာတွင် မော်တော်ဆိုင်ကယ်(၅၀)စီး၊ သုံးဘီးယာဥ်(၆၀)စီးတို့အား ယာဥ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာတတ်စေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)