နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးစီမံကိန်းအပေါ်အကျိုးသက်ရောက်မှုအား ဆန်းစစ်လေ့လာခြင်းသုတေသနလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်  အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်စိုက်ပျိုးခဲ့သည့် နွေစပါးစီမံကိန်းများ၏ အကျိုးသက်ရောက်မှု အားသာချက်အားနည်းချက်များ စိစစ်သုံးသပ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ကေသီဝေ ဦးဆောင်သော စစ်တမ်းကောက်ယူရေးအဖွဲ့(၉)ဦးသည် မင်းရဲ၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာရှေ့တန်းစခန်းရှိ နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးစီမံကိန်းအပေါ် အကျိုးသက်ရောက်မှုအား ဆန်းစစ်လေ့လာခြင်း သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်တမ်းကောက်ယူရာ၌ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ရိုးရိုးလယ်ယာစနစ်ဖြင့် နွေစပါးစိုက်ပျိုးသူတောင်သူ (၂၀)ဦး၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ရိုးရိုး လယ်ယာ စနစ်ဖြင့် နွေစပါးစိုက်ပျိုးခဲ့သောတောင်သူ(၅)ဦး နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုး ပြီးတောင်သူ(၂၅)ဦး၊ သွင်းအားစုကိုယ်စားလှယ်များ၊ စပါးဝယ်ယူကြိတ်ခွဲကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးစီမံကိန်းအပေါ်အကျိုးသက်ရောက်မှု စစ်တမ်းကောက်ယူရေး လုပ်ငန်းများမှန်မှန် ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ပြီးစီးနိုင်ရေး ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူးဦးအောင်မြင့်နှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်