တံတားဦးမြို့နယ် ငါးဇင်ရိုင်းကျေးရွာတွင် မိုးချည်မျှင်ဝါ( B-31 )အထူးထွက်တိုးဇုန် ( Pilot Area ) စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

တံတားဦး အောက်တိုဘာ ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လူမှု့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးအပြင်၊ ဈေးကွက်ဝင်နိုင်သည့် သီးနှံမျိုးစုံ စိုက်ပျိုးကြရာ ငါးဇင်ရိုင်းကျေးရွာတွင် စိုက်ပျိုးထားသော ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ဝါသီးနှ့စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော တောင်(၈) ၊ ငွေချည်(၆) ၊ ငွေချည်(၉) ၊ ချည်မျှင်ဝါ( B-31 ) ဝါမျိုးများ အဓိကထား စိုက်ပျိုးကြပြီး  အပင်မကြပ်စေရန်နှင့် မျိုးစေ့သက်သာစေရန်  စိုက်ကျင်း တစ်ကျင်း လျှင် မျိုးသန့်ဝါစေ့(၃)စေ့ထက်မပိုဘဲ တစ်ဥ သတ်မှတ်အပင်ဦးရေပြည့်မီစေရန် စိုက်တန်း၊ စိုက်ကျင်းများ ကို နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး(၁၉)ရက်ခန့်အချိန်တွင် သန်မာသောဝါပင် (၂)ပင်သာ ချန်ထားကာ သားခွဲနုတ်ပယ်ခြင်းများ ဆောင်ရွက်နိုင်ပြီး အပင်နှင့်အသီးများ အောင်မြင်ဖြစ်ထွန်းစေရန် အတွက် နွားချေးကို နွားလှည်း(၁၀)စီးနှင့် ကွန်ပေါင်းမြေဩဇာ တစ်အိတ်အား မြေခံအဖြစ် မြေပြုပြင်ပြီး အပိန့်ဝင်ချိန်နှင့် ပန်းပွင့်ချိန်တို့တွင် အပင်ခြေခနှင့် (၇)လက်မခန့်အကွာတွင် ကွန်ပေါင်း အိတ်ဝက်နှင့် ယူရီးယားအိပ်ဝက်ရော၍ ဖြူးပေးရကြောင်း လိုအပ်သောအချိန်များတွင် မြောင်းရှင်းခြင်း မြေဆွခြင်းနှင့် စုပ်ပိုး၊ ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ပိုး၊  စသည့်ကာကွယ်ဆေးများနှင့် အခြားပိုးသတ်ဆေးများလည်း လိုအပ်သလို ဆောင်ရွက်ပါက ဝါတစ်ဧက ပိဿာချိန် (၁၀၀၀)နှုန်းကျော်ထွက်ရှိကြောင်းသိရသည်။

၂၀၂၃-၂၀၄ ခုနှစ်  တံတားဦးမြို့နယ်အနေဖြင့် မိုးချည်မျှင်ရှည်ဝါကို (၁၄၄၀)ဧကစိုက်ပျိုးရန်လျာထားပြီး၊ ရာခိုင်နှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်းနှင့် ဝါစိုက်ခင်းများ အောင်မြင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဆင်းပြီး လိုအပ်သည့်နည်းပညာများ စနစ်တကျကူညီဆောင်ပေးခဲ့ပါကြောင်း တံတားဦးမြို့နယ်တွင်  မိုးချည်မျှင်ဝါ( B-31 )အထူးထွက်တိုးဇုန် ( Pilot Area ) စံပြကွက်(၅၀)ဧကကို ချောင်းပတ် ကျးရွာတွင် (၂၅)ဧက၊ ငါးဇင်ရိုင်းကျေးရွာတွင် (၂၅)ဧက စိုက်ပျိုးထားပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုး ရေး ဦးစီးအရာရှိ ဦးကနေဒီထွန်းထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)