လားရှိုး အောက်တိုဘာ ၁၃
အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍ လူတိုင်းအတွက် ဥပဒေအကာအကွယ်များ သိရှိစေရေးတို့အတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio) တွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးခြင်းကို လားရှိုးမြို့ရှိ လင်းလက်အမျိုးသမီး ဥပဒေကုစားရေးအဖွဲ့ ( Lin Latt Women Legal Clinic Myanmar)မှ ဥပဒေအထောက်အကူပြုသူ ဦးတင်ထွန်းဝင်းက အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၊ လယ်ယာမြေဥပဒေ၊ အသရေဖျက်မှု၊ ညစ်ညမ်းသောပြုလုပ်မှုများနှင့် ညစ်ညမ်းသောသီချင်းများနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို ဟောပြောဆွေးနွေးသည်။
အဆိုပါ ဟောပြောပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းဆရာမများ၊ ကြက်ခြေနီများ၊ ဒေသခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)