ပျဉ်းမနား အောက်တိုဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချမှုတွင် ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ အသင်းဝင်များက ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာအုပ်စုအတွင်းရှိ အမှန်တကယ်လိုအပ်လျက်ရှိသည့် စားသုံးသူပြည်သူများအား စားသုံးဆီတစ်ပိဿာ ၄၇၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၆၂၆ စုအတွက် ဆီပိသာချိန် ၆၂၆ ပိသာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)