မိုင်းယောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများအား ကျောင်းသား၊ ကျောင်းသူများမှ ပူဇော်ကန်တော့ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်နှင့် ဆရာ၊ ဆရာမတို့အား ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမတို့မှ ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ဩဝါဒစကား ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်နှင့် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ရွှေမိုး ငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း