မိုးကုတ် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အမှတ်(၆၈) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရပ်ကွက်၊ အမှတ်(၆၈)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် မိုးကုတ်မြို့နယ် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မိဘများကိုယ်စား ကျောင်းသားမိဘကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်(၆၈)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးခိုင်က ကျေးဇူးတင်စာကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မိုးကုတ်မြိုနယ် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မိုး၊ ဒု-ပညာရေးမှူး ဦးသန်းမင်းစိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)