ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ‌ပေးနေမှုများအား ကွင်းဆင်းကြည့်ရှု

ရွာငံ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များကောင်ယူပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့များက ယမန်နေ့ နံနက် (၁၀)နာရီခွဲက ဈေးတန်းရပ်ကွက်ရှိ မြို့ဦးမင်္ဂလာကျောင်းကြီး၌ ကွင်းဆင်းကြည့်ရှု‌ခဲ့သည်။

ရွာငံမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂၀)ရက်နေ့မှစတင်၍ ဦးတည်အုပ်စုများသက်မှတ်ကာ Biometric Data ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဦးတည်အုပ်စု (၂)အဖြစ် ကောက်ယူလျက်ရှိသော ဈေးတန်း၊ ရွာမ၊ မြို့ကုန်း စသည့် မြို့ပေါ်ရပ်ကွက်များအား ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ဇော်လင်းက လုပ်ငန်းများဆောင်ရွက်‌နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။

Biometric Data ကောက်ယူခြင်းကို အောက်တိုဘာ (၁၁) ရက်အထိ လူဦးရေ (၇၂၈၈ )ဦးကျော် ကောက်ယူပြီး ယနေ့တွင် ရွာမရပ်ကွက်ရှိ ပြည်သူများအား ဆက်လက်ကောက်ယူပေးလျက်ရှိကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)