မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းစံ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးချတက်စေရန် စာပေဖတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းအကျိုး ကျေးဇူးဆိုင်ရာများနှင့် စာပေဖတ်ရှု့ခြင်းဖြင့် အမှားအမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး  စာကြည့်တိုက်လက်ထောက်-၃‌ ဒေါ်ကေသွယ်စိုးမှ "စာတတ်မြောက်ခြင်း၏ အကျိုး”၊ “စာပေရဲ့ ကျေးဇူး" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

မိုင်းစံ(ပြန်/ဆက်)