သာစည် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မိတ္ထီလာဆီကုန်သည်ကြီးများအသင်းတို့နှင့် ချိတ်ဆက်ကာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိရာ ယနေ့တွင်ဆီပိဿာချိန် ၂၇၅၀ ကိုကျေးရွာ များနှင့်မြို့ပေါ်ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် သာစည်မြို့ အမှတ်(၄)ရပ်ကွက်ဦးဘဇံ ရွှေနဂါးပွဲရုံ၊ ဆီစက်နှင့်ဆီရောင်းဝယ်ရေးမှညောင်ရမ်းမြို့မကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများမှ ပြည်သူများနှင့်မြို့ပေါ်ပြည်သူများကိုလည်းကောင်း၊ ဒေါ်စန်းစန်းဆီစက်နှင့် ဆီရောင်းဝယ်ရေးမှ ပုန်းမဲဇာကုန်း၊ ညောင်ကန်ကျေးရွာတို့နှင့် မြို့ပေါ်ပြည်သူများအား ဈေးနှုန်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးနေမှုများကို မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသက်ချိုဦးက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရောင်းချပေးလျက်ရှိသော စားသုံးဆီများကို ဦးဘဇံရွှေနဂါးပွဲရုံ၊ ဆီစက်နှင့်ဆီရောင်းဝယ်ရေးမှ အောင်သပြေကုမ္ပဏီနှင့် ချိတ်ဆက်ဝယ်ယူကာ ဖြန့်ဖြူရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)