မိုင်းပန်မြို့နယ်၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းပန် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ကျောင်းသား/သူများအား အားလပ်သည့် အချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး အကြောင်းအရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ဝင့်သူဇာထွန်းက လူငယ်နှင့်အားကစားနှင့် အားကစားဆောင်ရွက်ပေးခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)