နမ့်ဆန် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်ဒေသရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က လူငယ်တွေအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်နှင့် ရရှိပြီးသော အသိပညာဗဟုသုတများကို ပြန်လည်မျှဝေပေးစေခြင်း၊ ပရိတ်သတ်များ၏ရှေ့၌ ထွက်ပြီး ပြောရဲဆိုရဲပြောတတ်ဆိုတတ်သည့် စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆောင်ရွက်ခဲ့ပြီး Grate-9 မှ မောင်ဖြိုးသီဟကျော်က “လူငယ်နှင့် ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grate-9 မှ မထက်ထက်ထွန်းက လူငယ်နှင့် ပေါင်းသင်းဆက် ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grate-9 မှ မဝတ်မှုန်ဦးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး တာဝန်ရှိသူများကလည်း ဖြည့်စွက်ဖြေကြားခဲ့ပြီး ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များ ပြသထားပေးရာ ကျောင်းသား/ သူများ လာရောက်လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)