ချမ်းမြသာစည် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၇လမ်း၊ ၁၀၆x၁၀၇ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၊ အမှုတွဲခန်း (ကျောက်တိုက်) ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၈ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးတင်ထွဋ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမျိုးအောင်တို့မှ အမှုတွဲခန်း (ကျောက်တိုက်) ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စု ဒုဝန်ကြီး ဉီးတင်ထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အမှုတွဲခန်း(ကျောက်တိုက်) ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်ကျောက်တိုက် တည်ဆောက်ခဲ့သော(Diamond City)ကုမ္ပဏီမှ လုပ်ငန်းပြီးစီးကြောင်းစာရွက် စာတမ်းများအား လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးထံသို့ လွှဲပြောင်း အပ်နှံခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ကျောက်တိုက် တည်ဆောက်မှုအရည် အသွေးစစ်ဆေးရေးအဖွဲ့သို့ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးမှ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ၀န်ကြီးချုပ်နှင့်အတူ တာ၀န်ရှိသူ များက ဖွင့်ပွဲအထိမ်းအမှတ် မော်ကွန်းကြေးပြားအား အမွှေးနံသာရေများ ပက်ဖျန်းပြီးနောက် အမှု တွဲခန်းအတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးတင်ထွဋ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းတရား သူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင် သာယာရေး ဝန်ကြီးဦးကျော်ဆန်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ချုပ်ဦးသက်နိုင်ဦး၊ တိုင်းဦးစီးမှူး ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)