မန္တလေး အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် လေအေးပေးစက် တပ်ဆင်၊ ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ ပြည်ကြီးတံခွန် မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်ကအဖွင့်အမှာစကားပြောကြားပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)ကျောင်းအုပ် ဦးဝင်းမင်းစိုးက သင်တန်းပို့ချမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ သင်တန်းဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်း သားများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းကို တစ်ပတ်လျှင် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၉)နာရီမှ ညနေ(၅) နာရီအထိ (၄)ပတ်ကြာဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ(၂၀)ဦးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)