တွံတေး အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အထက(ဘုရားကြီး)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများမျက်စိနာခြင်း၊ မျက်မြှေးရောင်ခြင်းများဖြစ်ပွားနေသောကြောင့် ထိုသို့မဖြစ်အောင် ရှောင်ရန်ဆောင်ရန်များ အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အထက(ဘုရားကြီး)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦး က ဟောပြောရာတွင်စာမေးပွဲနီးနေပြီဖြစ်သောကြောင်း ကျန်းမာရေးဂရုစိုက်ရန်၊ အိပ်ရေးပျက်ခံခြင်းများ ရှောင်ရှားရန်၊ မျက်စိနာခြင်း၊ မျက်မြှေးရောင်ခြင်းများ ဖြစ်ပွားနေသောကြောင့် ထိုသို့မဖြစ်အောင် ရှောင်ရန်ဆောင်ရန်များ ဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူ ဆရာမများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူကြီး ကျား(၈) ဦး၊ (မ) (၄၂)ဦး စုစုပေါင်း(၅၀)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
တွံတေးသား