အ.လ.က-ခွဲ တာဆိုင်းတွင် ကျောင်းသား၊ ကျောင်းသူများကို လူငယ်ရေးရာဟောပြော၍ အေရိုးဗစ်အကနှင့် လက်ဝှေ့အားကစားနည်း အခြေခံ သရုပ်ပြသ

နမ့်စန်() အောက်တိုဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၁၁ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာရှိ တာဆိုင်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက အားကစား၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်ကျန်းမာရေး၊ လူငယ်နှင့်ခေါင်းဆောင်ကောင်း စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ တာဝန်ခံ ဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် နမ့်စန်မြို့နယ်မှ အေရိုးဗစ်အားကစားသမားများနှင့် လက်ဝှေ့အားကစားသမားများက ကျောင်းသား၊ ကျောင်းသူများကို အေရိုးဗစ်အကနှင့် အခြေခံလက်ဝှေ့ကစားကွက်များကို သရုပ်ပြ ကစားပြခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)