ပုသိမ်ကြီး အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၁၂ရက်နေ့ ညပိုင်းမှ စတင်ရွာသည့် မိုးရွာသွန်းမှု ကြောင့် ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရေမြောင်းများတွင် ရေကြီးရေလျှံ၍ လူနေရပ်ကွက်များနှင့် မြို့ပေါ်ဌာနဆိုင်ရာရုံးအချို့တွင် ရေများဝင်ရောက်လျက်ရှိကြောင်းသိရသည်။
တောင်ကျရေ ရေလျှံမှုကြောင့် (၁၃-၁၀-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်ကြီးဆည်မှ ရေပိုထုတ်လွှတ်မှုနှင့် တောင်ကျရေများစီးဆင်း ဝင်ရောက်မှုကြောင့် ပုသိမ်ကြီးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်/ကျေးရွာအချို့ရှိ လူနေအိမ်အချို့နှင့် ဌာနဆိုင်ရာ ရုံးအချို့တွင် နံနက် ၇ နာရီအချိန်မှစ၍ ရေများဝင်ရောက်ခဲ့ကြောင်းနှင့် လက်ရှိအခြေအနေတွင် ဆည်တော်ကြီး မြောင်းဘောင်နေရာအချို့တွင် ရေကျော်ရေလျှံပြီး ဆည်မြောင်းဘောင်ကျိုးပေါက်မှုမရှိစေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်၍ ဆည်မြောင်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျေးရွာသူ/ ကျေးရွာသားများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)