တပ်ကုန်း အောက်တိုဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ လူငယ်အားကစားသမား ရွက်ပုန်းသီးများ ပေါ်ထွန်းလာစေရေးအတွက် အနော်ရထာရပ်ကွက်၊ ရွှေသင်္ခါ ပညာရေးဖောင်ဒေးရှင်က ဦးဆောင် ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ရပ်ကွက်ဘောလုံးကွင်းတွင် ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်းငါးသင်း၊ ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ပြီး၊ နဂါးအသင်းနှင့် ကီးရာအသင်းတို့ ယှဉ်ပြိုင်ကစား၍ ကီးရာအသင်းက တစ်ဂိုးဖြင့် အနိုင်ရရှိကြောင်း၊ ဗိုလ်လုပွဲစဉ် နှင့်ဆုပေးပွဲကို အောက်တိုဘာ ၁၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်