ခိုလမ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် သန့်ရှင်းရေးများ ဆောင်ရွက်

ခိုလမ် အောင်တိုဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် သန့်ရှင်းရေးများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ခွဲတာဝန်ခံ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက မြို့အဝင်လမ်းမကြီး ဘေး ဝဲ၊ ယာ၊ ပန်းခြံအတွင်း/အပြင် ပြည်သူများ အပန်းဖြေစေရန်နှင့် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန် မိုးတွင်းအခါ ပေါက်ရောက်လျက်ရှိသော ချုံ၊ နွယ်များ၊ မြက်များရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသန့်ရှင်းရေးလုပ်ငန်းများကို အပါတ်စဥ် ဆောင်ရွက်လျက်ရှိပြီး စနေနေ့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများပါဝင်သော စုပေါင်းသန့်ရှင်းရေးများကိုလည်း စေတီ၊ ပုထိုး၊ ကျောင်း၊ ကန်နှင့် ရပ်ကွက်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)