National ICT Awards-2023(Education Project Skill Competition) အထောက်အကူပြု၊ တိုင်းအဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်း ဆင်းပွဲပြုလုပ်

မန္တလေး  အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး National ICT Awards-2023(Education Project Skill Competition) အထောက်အကူပြု၊ တိုင်းအဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဦးအောင်ဆွေဦးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/ သင်တန်းသူများ၏ ကိုယ်စားအောင်မြေသာစံခရိုင် ပညာရေးမှူးရုံးမှ ကွန်ပျူတာ လုပ်ဆောင် ရေးမှူး ဦးခင်လှိုင်အားလည်းကောင်း၊ သင်ကြားပို့ချပေးသော တံတားဦးခရိုင် ပညာရေးမှူးရုံးမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဦးခိုင်လင်းထွန်းနှင့် ကျောက်ဆည်မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်အိဝင့်ဝါထက်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်ကောင်း၊ အသီးသီးပေးအပ်သည်။ ထို့နောက်သင်တန်းသား၊သင်တန်သူများကိုယ်စား သပိတ်ကျင်းခရိုင်၊ အ.ထ.က(ခွဲ)ကျောက်ဖြူကျောင်းမှ အထက်တန်းပြဆရာ ဦးနန်းထိုက်အောင်မှ ကျေးဇူးတင်စကား ပြောကြားပြီး တက်ရောက်လာကြသူများက သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြသည်။

National ICT Awards-2023(Education Project Skill Competition) ပြိုင်ပွဲ အထောက်အကူပြု တိုင်းအဆင့်(ဆင့်ပွား) ဆွေးနွေးပွဲသင်တန်းကို အောက်တိုဘာလ ၅ ရက်နေ့ မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ ၇ ရက် သင်တန်းပို့ချခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ (၁)ဦး၊ ခရိုင်ပညာရေးမှူးရုံးများမှ(၁၁)ဦး၊ မြို့နယ်များမှ ဆရာ၊ဆရာမ(၅၅)ဦး စုစုပေါင်း သင်တန်းသား(၆၇)ဦးတက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း