ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးအုပ်စု၊ ဝဲကြီးကျေးရွာ၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးအုပ်စု၊ ဝဲကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူ ၁၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ခရိုင်လက်‌ထောက်ညွှန်ကြား‌‌ရေးမှူး ဦးထိန်လင်းဟန်က အယ်လ်နီညိုရာသီဥတုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက်ရောက်လာမည့် ထိခိုက်နစ်နာမှုများကို အနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ စိုက်ပျိုးနည်းစနစ်များ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် လုပ်ငန်းများစသည့် အသိပညာပေးအကြောင်းအရာများကို အသေးစိတ် ဟောပြောရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နည်းပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ် (ပုဗ္ဗ)