မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်

မိုင်းယန်း အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့်  အသိပညာဗဟုသုတိုးပွားလာစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ် စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြည်သူများအတွက် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍  ပြပွဲများ၊ ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများနှင့် သုတ၊ ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း စသည့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဉပမာသာဓကများဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကိုပြသရာ ကျောင်းသား/ ကျောင်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး