မိုင်းခုတ်မြို့၌ ဒေသထွက် ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

မိုင်းခုတ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ကတ်ကျေးရွာမှ ကျွဲကောသီး (ခ)မအို့သီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဦးစိုင်းလုံကျောက်ထံမှ သိရသည်။

မိုင်းခုတ်မြို့၌ ကျွဲကော(ခ)မအို့ပင်များကို စီးပွားဖြစ်စိုက်ပျိုးကြခြင်းမရှိသော်လည်း မိမိနေအိမ်ခြံဝင်းအတွင်း မြေကွက်လပ်၌ အရိပ်ရပင်အဖြစ်သော်လည်းကောင်း၊ စားသုံးရန်အတွက်သော်လည်းကောင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ဒေသထွက်ကျွဲကောသီး(ခ)မအို့သီးများသည် အရသာထူးကဲကာ အလွန်ချိုကြောင်း၊ ကြိုက်နှစ်သက်သူများပြားကြောင်းနှင့် တစ်လုံးလျှင် ငါးရာကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။

အဆိုပါ ကျွဲကော(ခ)မအို့ပင်များသည် စိုက်ပျိုးပြီး ငါးနှစ်ခန့်အကြာတွင် စတင်အသီးသီးကြောင်းနှင့် နှစ်စဉ် ဆောင်းရာသီဝင်စအချိန်တွင် ရင့်မှည့်ကာ ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)