တောင်ပြိုလက်ဝဲ အောက်တိုဘာ ၁၃
တောင်ပြိုလက်ဝဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် တောင်ပြိုလက်ဝဲမြို့ အခြေခံပညာကျောင်းများသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊ စာစောင်စသည့် စာအုပ်ပေါင်း ၃၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ငှားရမ်းခဲ့ကြသည်။
တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ Mobile Library ဖြင့် အခမဲ့ စာအုပ်ငှားရမ်းပေးခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)