တွံတေးမြို့နယ် တမံကြီးကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တွံတေး   အောက်တိုဘာ    ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအတွင်းရှိ  ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀) မင်္ဂလာဒုံမှ အထူးကုဆရာဝန်ကြီး ဗိုလ်မှူးစိုးထက်ဝင်းသောင်း ဦးဆောင်သော ဆေးကုသမှုအဖွဲ့တို့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကုသဆောင်ရွက် ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ဆေးကုသရေးအဖွဲ့မှမျက်စိပါရဂူ၊ နှလုံးပါရဂူ၊ ခွဲစိတ်ပါရဂူ၊ အရိုးအကြောပါရဂူများ၊ သွားနှင့်ခံတွင်း၊ အထွေထွေရောဂါကု ပါရဂူများနှင့် အင်အား(၃၀)ကျော်တို့က တွံတေးမြို့နယ်၊ တမံကြီးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သံဃာ(၆)ပါး၊ ဒေသခံပြည်သူအမျိုးသား (၉၁)ဦး၊ အမျိုးသမီး (၁၂၁)ဦး  စုစုပေါင်း (၂၁၈ ) ဦးတို့ကို  သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ  ဆောင်ရွက်ပေးခဲ့ကြာင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

တွံတေးသား