ပေါက်တော အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ဂြစ်ချောင်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ ဂြစ်ချောင်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပံ့ငွေ ၁၂ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂ဒသမ၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရွာတွင်းလမ်းကွန်ကရစ်မှာ အလျား ၆၇၁ ပေ၊ အကျယ် ၇ ပေ၊ ထု ၆ လက်မရှိပြီး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)