သင်္ဃန်းကျွန်း အောက်တိုဘာ ၁၃
အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေး အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့မန်နံနက် (၁၁း၀၀)နာရီအချိန် က သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၁) " ခရေ ” ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ် က ရည်မှန်းချက်နှင့်စာရိတ္တမဏ္ဏိုင် ခေါင်းစဉ်အောက်မှ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ဘဝပညာသင်သည့်အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်များ ထားရှိရန်နှင့် လူငယ်များသည် နိုင်ငံရဲ့အနာဂတ်များဖြစ်သည့်အတွက် အသိပညာအတတ် ပညာများကို လေ့လာသင်ယူကြရာတွင် အကျင့်စာရိတ္တကောင်းမွန်ပြီး စာရိတ္တလိပ်ပြာလုံစွာနှင့် စာရိတ္တမာနများထားရှိကြရန်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်အောက်မှ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း ငယ်စဉ်ကတည်းက စည်းကမ်းရှိစွာပြုမူနေထိုင်ကြရန်ု အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း ၊ကလေးအလုပ်သမားပပျောက်ရေး၊ အမျိုးသမီးအကြမ်းဖက်မှုအကြောင်း သိကောင်းစရာများကျန်းမာရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးခန့် စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)