နောင်ချိုမြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းပေး

နောင်ချို အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ၊ သုတ/ရသ စာအုပ်များကို သွားရောက် ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့ငှားရမ်းပေးသော စာအုပ်များအား နောက်အပတ်တွင် ပြန်လည် သိမ်းဆည်းကာ အသစ်ထပ်မံ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဌာနဆိုင်ရာ အသီးသီးမှ စာပေချစ်မြတ်နိုးသူ ဝန်ထမ်းများနှင့် ရပ်ကွက်များအတွင်းရှိ စာဖတ်ပရိသတ် ပြည်သူများ စာပေနှင့် အဆက်မပြတ်စေရန်၊ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်ရှိရာ ပြည်သူများ လက်ဝယ်အရောက် အပတ်စဉ်တိုင်း သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)