စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ

စဉ့်ကိုင်    အောက်တိုဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ  လူငယ်များ ကာယ၊ ဉာဏစွမ်းရည်များ၊ စာဖတ်စွမ်းရည်များမြင့်မားစေရန်  ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီအချိန်က အလယ်တန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးသန်းဝင်း(ပညာရေး)က  ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ရာ အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့ရာ  ပြိုင်ပွဲဝင်(၁၅) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ(၁)နာရီတွင် ပုံပြင်ပြောပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၁၁)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(ပြန်/ဆက်)