ပျော်ဘွယ် အောက်တိုဘာ ၁၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အနောက်လျှော်ဖြူကုန်း)တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင် သာမက ပြင်ပဗဟုသုတရရှိ စေရန်အတွက် စာပေဖတ်ရှုလေ့လာရန်လိုအပ်လာပါကြောင်း၊ အချို့ ဘာသာရပ်များ၌ ကျောင်းသင်ခန်းစာများဖြေဆိုရာတွင် ပြင်ပစာအုပ်များ၏ အကူအညီကိုရယူရန် လိုအပ်နေသောကြောင့် စာပေကိုဖတ်ရှုသွားရန် ကျောင်းသား၊ ကျောင်းသူများနှင့်အပြန်အလှန် ရှင်းလင်းဟောပြောသည်။
အလားတူ မွန်းလွဲပိုင်းတွင် အခြေခံပညာအလယ်တန်းကျောင်း(ဇီးတော)၌ မြို့နယ်ဒုတိယဦးစီး ဒေါ်မေစောမွန်က ဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)