သပိတ်ကျင်း အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ကျောင်းသားလူငယ်များအသိပညာ ဗဟုသုတတိုးပွားစေပြီး နိုင်ငံတော်၏ သားကောင်းရတနာများဖြစ်ထွန်လာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီမှ ဆင်းရဲနွမ်းပါးမှု၊ မိသားစုဦးရေများပြားမှု၊ မသင်မနေရ ပညာရေးသို့တက်ရောက်နိုင်ရန် အခွင့်အလမ်းနဲပါးခြင်း၊ ရှေးရိုရာစွဲဓလေ့ထုံးစံများကို လက်ခံကျင့်သုံးနေမှု၊ အလုပ် အကိုင်အခွင့်အလမ်းနည်းပါးမှု၊ အလုပ်သမားအခွင့်အရေးနှင့် ကလေးသူငယ်အရေးကို အလေးမထားသည့်အလုပ် ရှင်များရှိနေခြင်း၊ မကြာခဏရွေ့ပြောင်းသွားလာနေထိုင်ရခြင်း၊ မိသားစုတွင် ကလေးအရွယ်များပြားမှုနှင့် မိမစုံဖမစုံ ဖြစ်မှုတို့ကြောင့် ဖြစ်ကြောင်းကို အသိပညာပေးဟော ပြောခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့် ဌာနဝန်ထမ်းများ၊ “မြို့မ”အခြေခံပညာမူလတန်းကျောင်းမှ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)