စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

စဉ့်ကိုင်    အောက်တိုဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ကျောင်းသား၊ ကျောင်းသူ လူငယ်များ  ကာယ၊ ဉာဏစွမ်းရည်များ၊ စာဖတ်စွမ်းရည်များ မြင့်မားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက  ကျောင်းသား၊  ကျောင်းသူ လူငယ်များ ကျောင်းစာအပြင်  ဗဟုသုတရရှိစေမည့် ပြင်ပစာပေများ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးသန်းဝင်း(ပညာရေး)က  ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ရာ “စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၂၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍မွန်းလွဲ(၁)နာရီတွင် “စာကြည့်တိုက်ကိုသွားကြစို့” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(ပြန်/ဆက်)