မန္တလေးမြို့ရေစီးရေလာကောင်းမွန်ရေးစက်ယန္တရားများအသုံးပြု၍ နေ့စဉ်ဆောင်ရွက်

မဟာ‌အောင်မြေ အောက်တိုဘာ  ၁၂

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ချောင်းကြီးမြောင်းကြီးများ ရေအရည်အသွေးကောင်းမွန်ရေး၊ ရေစီးရေလာကောင်းမွန်းရေးနှင့် သန့်ရှင်းသာယာရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်း၍ အဖွဲ့ခေါင်းဆောင်နှင့်သန့်ရှင်းရေးဌာန၊ ရေနှင့်သန့်ရှင်းမှုဌာန၊ စည်ပင်သာယာ မြို့နယ်အုပ်ချုပ်ရေးမှုးများ ပါဝင်သည့်အဖွဲ့သည် သက်ဆိုင်ရာဌာနများမှ လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ်သန့်ရှင်းရေးဌာန တာဝန်ရှိသူများသည် မင်းတဲအီကင်းရပ်ကွက်ရေစီးရေလာ ကောင်းမွန်ရေးအတွက် ၈၉ လမ်းအနောက်ဘက် ခြမ်းမြောင်းအတွင်းမှ မြောင်းစာနှင့်အမှိုက်များကို လုပ်သားများဖြင့် ၁၇ လမ်းနှင့် ၁၈ လမ်းကြား ဆယ်ယူရှင်းလင်းခြင်း၊ အောင်မြေသာစံမြို့နယ် သန့်ရှင်းရေးဌာနတာဝန်ရှိသူများသည် ၂၂လမ်း ကျုံးရေသွင်းမြောင်းရေစီးဝင်မှု ကောင်းမွန်စေရေးအတွက် ၅၇ လမ်းသံလမ်းနှင့် ၅၈ လမ်းကြားနှင့် ၁၉လမ်းရေနီမြောင်းရှိ ဇကာတပ်ဆင်ထားသည့်နေရာများမှ အမှိုက်နှင့်ဒိုက်များကို မြောင်း ဆယ်လုပ်သားများက ဆယ်ယူရှင်းလင်းခြင်း၊‌ အောင်မြေသာစံမြို့နယ် သန့်ရှင်းရေးဌာန တာဝန်ရှိသူများသည် တက်မျှောချောင်းရေစီးရေလာကောင်းမွန်ရေးအတွက် Longarm စက်အသုံးပြု၍ ၇လမ်းနှင့်၈လမ်းကြားတွင် မြောင်းစာနှင့်ဒိုက်များကို ဆယ်ယူရှင်းလင်းခြင်း၊ ချမ်းအေးသာစံမြို့နယ် သန့်ရှင်းရေးဌာနတာဝန်ရှိသူများသည် ပါတ်ကုန်းဝန်းကျင် ရပ်ကွက် ရေစီး ရေလာကောင်းမွန်ရေးအတွက်၂၉လမ်း မြောက်ဘက်ခြမ်းမြောင်းအတွင်းမှ အမှိုက်နှင့် မြောင်းစာ များကို မြောင်းဆယ်လုပ်သားများက လမ်း ၇၀ နှင့် ၇၁ လမ်းကြား ဆယ်ယူရှင်းလင်းခြင်း၊ ချမ်း‌အေးသာစံမြို့နယ် သန့်ရှင်းရေးဌာနတာဝန်ရှိသူများသည် ကဉ္စနမဟီရပ်ကွက် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ၇၆ လမ်းအရှေ့ဘက်ခြမ်းမြောင်းကို E-35 ဘက်ဟိုးစက်အသုံးပြု၍ ၃၄ လမ်းနှင့်၃၅လမ်းကြား အမှိုက်နှင့်‌မြောင်းစာများ ဆယ်ယူရှင်းလင်းခြင်း၊ မဟာအောင်မြေမြို့နယ် သန့်ရှင်းရေးဌာနတာဝန်ရှိသူများသည် ရဲမွန်တောင်ရပ်ကွက် ရေစီးရေလာကောင်းမွန်ရေး အတွက် ၃၇လမ်းတောင်ဘက်ခြမ်းမြောင်းအတွင်းမှ မြောင်းစာများကိုမြောင်းဆယ်လုပ်သားများ ဖြင့် ၅၆ လမ်းနှင့် ၅၉ လမ်းကြားဆယ်ယူရှင်းလင်းခြင်း၊ ပြည်ကြီးတံခွန်မြို့နယ် သန့်ရှင်းရေးဌာန တာဝန်ရှိသူများသည် ၇၄ လမ်းအနောက်ဘက်ခြမ်းမြောင်းအတွင်းမှ မြောင်းစာနှင့်အမှိုက်များကို Takeuchi-5ဘက်ဟိုးစက်အသုံးပြု၍ ၁၁၉ လမ်းနှင့် ၁၂၀လမ်းကြား ဆယ်ယူရှင်းလင်းခြင်း၊ ပြည်ကြီးတံခွန်မြို့နယ် သန့်ရှင်းရေးဌာန တာဝန်ရှိသူများသည် သင်ပန်းကုန်းရပ်ကွက် ရေစီး ရေလာကောင်းမွန်ရေးအတွက် ၅၇လမ်းအနောက်ဘက်ခြမ်းမြောင်းအတွင်းမှ မြောင်းစာနှင့် အမှိုက်များကို မြောင်းဆယ်လုပ်သားများက ၁၂၁လမ်းနှင့် ၁၂၂လမ်းကြား ဆယ်ယူရှင်းလင်းခြင်း၊ (ဈ)ရပ်ကွက် ရေစီးရေလာကောင်းမွန်ရေးအတွက် ၅၉လမ်းဝဲယာမြောင်းများအတွင်းမှ မြောင်းစာ နှင့်အမှိုက်များကို Hitachi-70စက်အသုံးပြု၍ ၁၃၄ လမ်းနှင့် ၁၃၅ လမ်းကြားဆယ်ယူ ရှင်းလင်း ဆောင်ရွက်ကြပြီး သက်ဆိုင်ရာမြို့နယ်အလိုက် မြောင်းစာနှင့် အမှိုက်များကို မော်တော်ယာဉ်ဖြင့် သိမ်းဆည်း စွန့်ပစ်ကြကြောင်းသိရသည်။

အောင်ဇော်မင်း