ဒဂုံတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဒဂုံအရှေ့  အောက်တိုဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲကို အဆိုပါတက္ကသိုလ်ရှိဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင် က အဖွင့်အမှာစကားပြောကြားခြင်း၊ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမောင်ကျော်၏ ကိုယ်ရေးအကျဥ်းအားဖတ်ကြားခြင်း၊ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမောင်ကျော် က “ Learning Skills We Need Enhancing Life Skills in Daily Life “ ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ရာ တက်ရောက်လာသော ဆရာ၊ဆရာမများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ပြီးနောက် ဒဂုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းလွင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး) ဆရာ၊ ဆရာများ၊ ဘာသာရပ်ခွဲအသီးသီးမှ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)