ကျောက်ဆည် အောက်တိုဘာ ၆
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မင်းရပ် ရပ်ကွက်၊ နယ်မြေ(၅)တွင် ယနေ့မွန်းလွဲ(၁)နာရီကျော်ခန့်က လျှပ်စစ်ပန်ကာဖွင့်ထားရာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်(၂)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်းရပ် ရပ်ကွက်၊ နယ်မြေ(၅)တွင် အိမ်ရှင်ဦးမျိုးဝေ၏ နေအိမ်တွင် အိမ်ငှားအဖြစ်နေထိုင်သည့် ဒေါ်သီတာမျိုးသည် လျှပ်စစ်ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၇)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးတို့က မီးငြိမ်းသတ်ယာဉ်တစ်စီး၊ အထောက်အကူပြုယာဉ် တစ်စီးတို့နှင့်အတူ ရပ်ကွက်နေပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ (၁) နာရီခွဲခန့်တွင် မီးလုံးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ဦးဝေမျိုး၏ (၃)ပင်၊(၂)ခန်း ပျဉ်ခင်း၊ အုတ်ညှပ်၊ သွပ်မိုး၊ ထရံကာ (၂)ထပ်လူနေအိမ် တစ်လုံးနှင့် ဦးဝင်းမြင့်၏ (၃)ပင်၊(၂)ခန်း ပျဉ်ခင်း၊ အုတ်ညှပ်၊ သွပ်မိုး၊ ထရံကာ (၂)ထပ်လူနေအိမ် တစ်လုံးတို့ မီးလောင်ကျွမ်းခဲ့ကြောင့်နှင့် မီလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)