မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၁၂

မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌  ကျောင်းသူကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင်ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ကိုသစ္စာ(ထီလာ)က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသူကျောင်းသားများက ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာစံလင်းဦးနှင့် စာရေးဆရာမြင့်မားအောင်တို့က အဆိုပါ စာအုပ်အကြောင်းကို ဆက်လက်ဆွေးနွေးပြောကြားပြီး ကျောင်းသူကျောင်းသားများ၏ ဆွေးနွေးပြောကြားမှုအပေါ် စာရေးဆရာကြည်သိန်းဇော်က သုံးသပ် ဆွေးနွေးပြောကြားသည်။ ၎င်းနောက် စာဖတ်ဝိုင်းတွင် အကောင်းဆုံးဆွေးနွေးပြောကြားခဲ့သော ကျောင်းသူကျောင်းသားများအား  ဂုဏ်ပြုဆုများကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာ အုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာကြည်သိန်းဇော်နှင့် စာရေးဆရာ ကိုသစ္စာ(ထီလာ)တို့က ပေးအပ်ချီးမြှင့်ခဲ့ သည်။ ကျောင်းသူကျောင်းသားများ  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်  အလားတူ စာဖတ်ဝိုင်းများကို မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လစဉ်တစ်လတစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။

ချမ်းသာ