တာလေမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

တာလေ အောက်တိုဘာ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ လမ်းဦးစီးဌာနမှ အများပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  ယမန်နေ့ နံနက်ပိုင်းက ကျိုင်းတုံ-တာလေ−တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေတိုးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်၊ လမ်းဉီးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဉီးဇော်မိုးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျိုင်းတုံ-တာလေ- တာချီလိတ် ပြည်ထောင်စုလမ်းပေါ်ရှိ တာလေတိုးဂိတ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ယာဉ်အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရေးအတွက် သတိထားရမည့် အချက်များ၊ သတ်မှတ်ယာဉ်ကြောများ၊ ညဖက်မောင်းနှင်ရာတွင် သတိပြုလိုက်နာရမည့် အချက်များ၊ လမ်းညွှန်အမှတ်အသားများ၊ ဆေးရေးအမှတ်အသားများနှင့် အထွေထွေစည်းကမ်းများ၊ ယာဉ်မောင်းများဆောင်ရန်/ရှောင်ရန်အချက်များ၊ ခြေလျင်လျှောက်သူများ သိရှိလိုက်နာရန် အချက်များ၊ ယာဉ်တိုက်ခိုက်မှုအန္တရာယ်၊ ယာဉ်တိုက်ခိုက်၊ တိမ်းမှောက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်တိုက်ခိုက်မှု ဖြစ်လျှင်ဘာလုပ်မလဲ၊ မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန် စည်းကမ်း(၁၀)ချက်၊ မော်တော်ဆိုင်ကယ်စီးသူများ ရှောင်ရန် စည်းကမ်း (၁၀)ချက်၊ အန္တရာယ်သတိပေး လမ်းညွှန်းများ၊ အမိန့်ပေးခြင်း လမ်းညွှန်းများနှင့် တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်း လမ်းညွှန်းများ စသည့်အကြောင်းအရာများပါ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)