ဝမ်းတွင်းမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဝမ်းတွင်း အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်းခွဲ အမှတ်(၅)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးမျိုးသန့်က သက်ရှည်ကျန်းမာဖို့ပြုလုပ်သင့်သည့် အားကစားအမျိုးအစားများအကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူး(၅)ချက်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ကြစို့၊  နေ့စဥ်အလွယ်တကူပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှားနည်းလမ်းများ၊  စက်ဘီးစီးခြင်း၏အကျိုးကျေးဇူးများ အစရှိသည်များကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဦးသိန်းထွန်း (အား/ကာ)မှ အားကစားပြုလုပ်ပေးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်တာဝန်ခံ ဒေါ်အေးမျိုးသန့်က အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသွင် လက်ခံရယူခဲ့သည်။

အဆိုပါ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးမျိုးသန့်နှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်၊

မြို့နယ်(ပြန်/ဆက်)