မိုင်းယောင်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသတွင်း မီးခိုးမြူငွေ့ ဖုံးလွှမ်းမှု မဖြစ်ပေါ်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ အမှတ်(၄)ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝီလျံက တောင်ယာ၊ တောတောင်များတွင် တောမီးမရှို့ရန်၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ရန်နှင့် ရာသီဥတုဖောက်ပြန်ခြင်း အယ်လ်နီညိုအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာလာသူများက မရှင်းလင်းသည့်အချက်နှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးရာ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း