သာစည် အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး လူအများ ရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၁ ရက်က ညောင်ရမ်း အ-ထ-ကနှင့် ပေါက်တော အ-ထ-ကတို့၌ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် ညောင်ရမ်းအထကသီရိရတနာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ တာဝန်ခံ မြို့နယ်ပညာရေးမှူးဒေါ်ဝါဝါကျော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရ ခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး တာဝန်ခံကျောင်းအုပ်ကြီး ဦးအောင်လင်းက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိဒေါ်သင်းသင်းကဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ Grade-12မှကျောင်းသား/သူခြောက်ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်အပေါင်းအသင်း၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့်အားကစား၊လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား/သူများက အဆိုပါခေါင်းစဉ်များ နှင့်ပတ်သက်၍ မိမိတို့အတွေးအမြင်များကို ပြန်လည် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပေါက်တောအထက၌ လူငယ်စကားဝိုင်း ဆက်လက်ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီးတာဝန်ခံမြို့နယ် ပညာရေးမှူးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကိုပြောကြားကာ ကျောင်းအုပ်ကြီးဦးကျော်ဆွေက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက ဦးဆောင်၍ Grade-9၊ Grade-10 နှင့်Grade11တို့မှ ကျောင်းသား/သူငါးဦးတို့က လူငယ်နှင့်စာဖတ်ခြင်း၊လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့်နည်းပညာ၊လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား/သူများက အဆိုပါခေါင်းစဉ်များနှင့် ပတ်သက်၍ မိမိတို့ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဝေဝေခိုင်နှင့် အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင် များနှင့် ရပ်မိရပ်ဖများ၊ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)