ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၁၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို အောက်တိုဘာလ(၁၁)ရက်၊ မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွာသစ်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာတွင်သာမက ပြင်ပဗဟုသုတရရှိ စေရန်အတွက် စာပေဖတ်ရှုလေ့လာရန် လိုအပ်လာပါကြောင်း၊ အချို့ဘာသာရပ်များ၌ ကျောင်းသင်ခန်းစာများဖြေဆိုရာတွင် ပြင်ပစာအုပ်များ၏ အကူအညီကိုရယူရန် လိုအပ်နေသောကြောင့် စာပေကိုဖတ်ရှုသွားရန် ကျောင်းသား၊ ကျောင်းသူများနှင့်အပြန်အလှန် ရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)