ညောင်ဦး အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး သတ်မှတ်နေရာများထားရှိပေးထားရာ နေရာများသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေးဇုန်များအလိုက်သတ်မှတ်ထားရှိပြီး သမိုင်းအထင်ကရဘုရားများ၊ ဘုရားဖူးဝင်ရောက်မှုများပြားသည့်ဘုရားများ၊ ဟိုတယ်၊ မိုတယ်များ၊ ဆေးရုံ၊ဌာနဆိုင်ရာများ၊ စားသောက်ဆိုင်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆေးလိပ်သောက်ခွင့်မပြုသောနေရာ၊ ဆေးလိပ်သောက်ခွင့်ပြု သောနေရာများ သတ်မှတ်ထားရှိသည့်နေရာများအား ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများဆောင်ရွက်ရာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံ အဖွဲ့ဝင်များ၊ ဧည့်လမ်းညွှန်အသင်းအဖွဲ့ဝင်များ၊ စားသောက်ဆိုင်လိုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် ဇုန်အလိုက်သတ်မှတ်နေရာ များအား ကွင်းဆင်းပညာပေးခြင်းများ ဆောင်ရွက်စစ်ဆေးခဲ့ကြောင်းသိရပြီး ညောင်ဦးမြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နေ ရာ (၁၀၂)နေရာသတ်မှတ်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။
ဒီပါလင်း