သပိတ်ကျင်းမြို့ ဝါးဖြူတောင်ကျေးရွာ အ.ထ.ကတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲဆောင်ရွက်

သပိတ်ကျင်း  အောက်တိုဘာ  ၁၂

မန္တ​လေးတိုင်၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ကျောင်းသူများ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် လူသားကောင်းများဖြစ်ထွန်းစေရန်၊ ငယ်စဉ်ကတည်းက စာဖတ်ခြင်းကို မွေ့လျော်ပျော်ပိုက်ပြီး စာဖတ်လိုသည့် အလေ့အထရရှိစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ အားလပ်ချိန်ကို စနစ် တကျမှန်ကန်စွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီက ဝါးဖြူတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ် ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက လူငယ်များအသိပညာဖွဲ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စာပေ၏ အရေးပါမှု၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် တန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်ဖြိုးမမက လူငယ်နှင့်ဗလငါးတန်ဖွံ့​ဖြိုးတိုးတက်ရေး ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစားနားထောင်၍ လေ့လာမှတ်သားခဲ့ကြသည်။

နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်ခင်းနှင့် သုတ၊ရသ စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)