မန္တလေး အောက်တိုဘာ ၁၂
၂ဝ၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက် (၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအဆင့်မြင့် အားကစားကွင်း ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ၄င်းတို့၏ ဇနီး များ၊ တိုင်းဒေသကြီးအဆင့်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ International School၊ အားကစားသိပ္ပံကျောင်းအသင်းတို့မှ လက်ရွေးစင်ပြိုင်ပွဲဝင် အားကစားသမားများ၊ ကြီးကြပ်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့် ပရိသတ်များ စုစုပေါင်း ၁၅ဝဝဝ ဦးခန့် တက်ရောက်ကြပြီး အမရပူရမြို့နယ် အခြေခံပညာကျောင်းများ အသင်းနှင့် မိတ္ထီလာဇုန် ကိုယ်ပိုင်ကျောင်းများအသင်းတို့ ဗိုလ်လုပွဲအကြိတ်အနယ်ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြရာ အမရပူရမြို့နယ် အခြေခံ ပညာကျောင်းများအသင်းက ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
၄င်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်း က ပြိုင်ပွဲဝင်အသင်း (၁၆)သင်းအား တစ်သင်းလျှင် ဂုဏ်ပြုငွေ ငါးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းရှစ်ဆယ် ကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့က ပူးတွဲတတိယဆုရ မန္တလေးတောင်ပိုင်းဇုန် ကိုယ်ပိုင် ကျောင်းများအသင်းနှင့် အောင်မြေသာစံ အခြေခံပညာကျောင်းများအသင်းတို့အား ကြေးတံဆိပ် ဆုများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုဆုငွေ ကျပ်သိန်းနှစ်ဆယ်နှင့် တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ၏ ဂုဏ်ပြုဆုငွေကျပ်ဆယ်သိန်း၊ စုစုပေါင်း ငွေကျပ် သိန်းသုံးဆယ်ကို လည်းကောင်း၊ ဒုတိယဆုရ မိတ္ထီလာဇုန် ကိုယ်ပိုင်ကျောင်းများအသင်းအား ငွေတံဆိပ်ဆုများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုဆုငွေ ကျပ်နှစ်ဆယ့်ငါးသိန်းနှင့် တိုင်းဒေသကြီးဘောလုံး ဆပ်ကော်မတီ ၏ ဂုဏ်ပြုဆုငွေကျပ်တစ်ဆယ့်ငါးသိန်း၊ စုစုပေါင်းငွေကျပ် သိန်းလေးဆယ် ကို ကိုလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုရရှိသူများကို၊ ဆုတံဆိပ်များနှင့် ငွေသားဆု ငွေကျပ် နှစ်သိန်းစီကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပထမဆုရ အမရ ပူရမြို့နယ် အခြေခံပညာကျောင်းများအသင်းအား ရွှေတံဆိပ်ဆုများ၊ ပထမတံခွန်စိုက် ဆုဖလားနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုဆုငွေ ကျပ်သိန်းသုံးဆယ်နှင့် တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ၏ ဂုဏ်ပြုဆုငွေကျပ်သိန်းနှစ်ဆယ် စုစုပေါင်း ငွေကျပ် သိန်းငါးဆယ်ကို လည်းကောင်း အသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
မြင့်မော်ထွန်း