သာကေတ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်းပုခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသားလူငယ်များမှ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အမှတ်(၃၇)ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ ဒုရဲမှူး ဦးအောင်ဇော်ထွန်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအကြောင်းအရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး (ငြိမ်း) ဦးခင်မောင်ညွှန့်မှ လူငယ်နှင့်ပညာရေးဆိုင်ရာ အကြောင်းအရာအားလည်းကောင်းဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ခင်ကောင်းစံမှ လူငယ်နှင့်အားကစားဆိုင်ရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ လူငယ်နှင့် ဗလငါးတန်းဖွံ့ဖြိုးရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် လူငယ်ရေးရာဟောပြောပွဲတက်ရောက်ကြသည့် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယာဥ်ထိန်းရဲ တပ်ဖွဲ့မှ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင် များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)