မြစ်သားမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၉၉၈)ဦးအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများ အိမ်အရောက်လိုက်လံထောက်ပံ့ပေး

မြစ်သား အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၉၉၈)ဦးအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက အိမ်အရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း(၈၆)အုပ်စုရှိပြီး ယခုအခါ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉၀)မှ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၉၉၈)ဦးအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ စုစုပေါင်းလူမှုရေးပင်စင်ထောက်ပံ့ငွေ (၂၉၉)သိန်းလေးသောင်းကျပ်အား အဘိုးအဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးခိုင် ကြီးကြပ်ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရပ်ကျေးစာရေးများနှင့် သက်ဆိုင်ရာကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြင့် အဘိုးအဘွားများထံ တစ်အိမ်တက်ဆင်း သွားရာက်ပေးအပ်ထောက်ပံ့ပေးခဲ့ပြီး အဘိုးအဘွားများ၏ ကျန်းမာ‌ရေးအခြေအနေများနှင့် လိုအပ်သည်များကို ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)