ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့်  (Woman Club )တို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

သင်္ဃန်းကျွန်း         အောက်တိုဘာ       ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့်  ( Woman Club )တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်းရေးသားသည့်  “လူငယ်ဇွဲနှင့်ဤပညာ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်(၂)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (Woman Club)အဖွဲ့ဝင် စာရေးမမေရန်ကုန်က "လူငယ်နှင့်ဤပညာ" စာအုပ်တွင်ပါရှိသည့် " မြန်မာကျောင်းဆရာဖြစ်ရတာ" ၊ စာရေးဆရာမရွှေယဉ်နုက (ပညာရေး)က "လေးစားလောက်တဲ့လူငယ်တွေ"၊ စာရေးဆရာမမေမြတ်စန္ဒာ "က သူတို့သတ္တိသူတို့ဇွဲ " စသည်တို့ကို ဖတ်ပြဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ၊ (Woman Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(ခရိုင်ပြန်/ဆက်)