သံတွဲမြို့၌အမျိုးသမီးအကြမ်းဖက်မှုနှင့်ပတ်သက်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

သံတွဲ   အောက်တိုဘာ  ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ ပူးပေါင်းကျင်းပသော အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အဖွင့်အမှာစကားပြောပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်သီတာလွင်က အမျိုးသမီးများအကြမ်းဖက်ခံရမှုဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား Women Club နာယက ဒေါ်သင်းသင်းမာက ဆွေးနွေးပြီး သဘာဝမိခင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညိုရင်ကအကြမ်းဖက်မှုပုံစုအမျိုးမျိုးကို လည်း ကောင်း၊ အမျိုးသမီးများသာမက အမျိုး သားများပါ အကြမ်းဖက်ခံရမှုအခြေနေများကိုလည်းကောင်း သဘာဝ မိခင်အမျိုးသမီးအဖွဲ့ အဖွဲ့ဝင် ဒေါ်ခင်မူက ဆွေးနွေးပြီး ခရိုင်တရားသူကြီး ဒေါ်ခင်နွဲ့သီက အမျိုးသမီးအကြမ်းဖက်မှုနှင့် ပတ်သက်သော ဥပဒေအကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  Women Club အဖွဲ့ဝင်များ၊ သဘာဝမိခင်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၂၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေမျိုးအောင်