အလုံမြို့နယ်၌  ၇ နှစ်မှ ၁၅ နှစ်အရွယ် ရှင်သာမဏေမျာနှင့် ကျောင်းသားများအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေး

အလုံ      အောက်တိုဘာလ    ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ  ကာကွယ်ဆေးအကြိမ်ပြည့်မထိုးသေးသည့်  ကလေးငယ်များနှင့်ကာကွယ်ဆေးတစ်ကြိမ်မှ ထိုးနှံခြင်းမရှိသည့် ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ယနေ့ ၁၁:၃၀ နာရီက  မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများရှိ ရှင်သာမဏေများနှင့် ကျောင်းသားများအား   ဂျပန်ဦး​​​နှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင်  ကွင်းကျောင်း ကျောင်းတိုက်မှ ၇ နှစ်မှ ၁၅ နှစ် အရွယ် ကိုရင်( ၄၈)ပါး၊ အောင်မင်္ဂလာပါဠိတက္ကသိုလ် စာသင်တိုက်မှ အသက် ၇ နှစ်မှ ၁၅ နှစ်အရွယ် ကိုရင်(၈)ပါး၊ သဒ္ဒမဝံသာရုံ ပရိယတ္တီ စာသင်တိုက်မှ ၇ နှစ် မှ ၁၅ နှစ်အရွယ် ကိုရင်နှင့် ကျောင်းသား (၂၁)ပါး၊ ဇောတာနာရာမ ​ကျောင်းတိုက်မှ ၇ နှစ်မှ ၁၅ နှစ်အရွယ် ကိုရင်(၅)ပါး၊ စုစုပေါင်း(၈၂)ပါး အား အမီလိုက်ကာကွယ်ဆေးအဖြစ်ဂျပန်ဦး​​​နှောက်ရောင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)