ဆီမီးကန်တောင်ကုန်းကျေးရွာ၌ VDP စီမံကိန်းဖြင့်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

တောင်သာ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ကျေးရွာ(၁၀)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဆီမီးကန် တောင်ကုန်းကျေးရွာသို့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်အတူ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များလိုက်ပါလျှက် ကွန်ကရစ်လမ်းအရှည် ၆၂၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းဆိုင်းဘုတ်များစိုက်ထူထားရှိမှုများကို စစ်ဆေးခဲ့ပြီး ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်ထိန်းသိမ်းပေးကြရန် ကော်မတီအဖွဲ့အား မှာကြားခဲ့သည်။ ဆီမီးကန်-တောင်ကုန်း ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်းရန်ပုံငွေ ကျပ် ၁၅ သန်း၊ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ၅.၇ သန်း တို့ဖြင့် စက်တင်ဘာ ပထမအပတ်က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာယခုအခါလုပ်ငန်းအားလုံး ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

   ကျော်မျိုးနိုင်(တောင်သာ)